BACKTRACK 5 အား HACKING ပိုင်းဆိုင်ရာတွင် အဆင့်မြင့်အသုံးချနည်း စာအုပ်
LINUX အနွယ်ဝင် Debian GNU/Linux distribution တစ်ခုဖြစ်သော BackTrack OSသည်
security ပိုင်းဆိုင်ရာတွင် အဓိက အားထားအသုံးပြုနေရသော Operation Systemတစ်ခုဖြစ်သည်။
ယခုစာအုပ်တွင် BackTrack ကိုအသုံးပြု၍ Local Area Network တွင်သာမက Internet၊ Intranet များတွင်ပါ ထိုးဖောက်ဝင်ရောက်ခြင်းများကို လေ့လာရမည်ဖြစ်သည်။
စာရေးသူမှ - "ဤစာအုပ်ကို မည်သို့မှ နားမလည်နိုင်ပါက ပထမထုတ်ဝေပြီးဖြစ်သော “ Hacker တို့၏ထိုးဖောက်နည်းများနှင့် Hacker အန္တရာယ်ကာကွယ်နည်းများ” စာအုပ်ကို ဦးစွာဖတ်ရှုစေလိုပါသည်" ဟု အကြံပြုထားပါသည်။
ဤစာအုပ်တွင် BackTrack 5 ကို Install ပြုလုပ်ခြင်းနှင့်စတင်ထားခဲ့ပြီး စမ်းသပ်ချက်များကို လုပ်ဆောင် ရန်အတွက် Virtual Environment ကို Setting ပြုလုပ်ခြင်းတို့ကိုလည်း ဖော်ပြထားပါသည်။ ထို့နောက် တွင် ထိုးဖောက်မှု စမ်းသပ်ချက်များ၏ အခြေခံ Principle များဖြစ်ကြသော Information gathering, Vulnerability identification နှင့် exploitation စသောအခန်းများကိုလည်း ဖော်ပြထားပါသည်။ ထို့နောက် တွင် နောက်ပိုင်းအခန်းများအဖြစ် privilege escalation, radio network analysis, Voice over IP (VoIP), Password cracking နှင့် BackTrack forensics များအကြောင်းကိုလည်း ကဏ္ဍအလိုက်ရှင်းလင်း ဖော်ပြထားပါသည်။ Security Professional များနှင့် လူသစ်တန်းအတွက်ကိုလည်း အကောင်းဆုံးသော အချက်အလက်ပင်ရင်း အဖြစ် ဤစာအုပ်ကိုပြုစုထားပါသည်။ ထို့အပြင်အသေးစိပ်ကျသော အဓိပ္ပါယ် ဖွင့်ဆိုချက်များနှင့် ဥပမာများသည်လည်း BackTrack 5 ကိုလေ့လာရာတွင် အချိန်တိုတစ်ခုအတွင်းတွင် လွယ်ကူစွာ သင်ကြားတတ်မြောက်စေမည်ဖြစ်သည်။ ထို့အပြင် ထိုးဖောက်မှု စမ်းသပ်ချက်နယ်ပယ် တွင်လည်း အကျိုးရှိစွာအသုံးချနိုင်စေရန် ရည်ရွယ်ထားသောကြောင့် ဤစာအုပ်သည် စာဖတ်သူများကို တစ်ထောင့်တစ်နေရာမှ အကျိုးရှိစေလိမ့်မည်ဟု ယုံကြည်ပါသည်။
ယခုစာအုပ်သည် Network Engineering (NE)တတ်ရောက်နေသောကျောင်းသားများအတွက်လေ့လာရန်အထူးသင့်လျှော်လှပေသည်။ ယခုစာအုပ်အား Download ဆွဲယူလိုပါက အောက်ဖော်ပြပါ Linkမှတဆင့် ရယူနိုင်ပါသည်။

ကျေဇူးတင်ပါတယ်
ReplyDelete